Shortcut အားလုံးဟာ GOM player နဲ့ချည်းပွင့်နေတာတွေ သို့မဟုတ် Window media player , Adobe reader, photoshop .. စသဖြင့်ပေါ့ ...
အမြန်နည်းနဲ ဒီပြသနာဖြေရှင်းချင်တယ်ဆိုရင်တော့ အားလုံး GOM နဲပွင့်နေရင် အဲဒီ GOM player ကို uninstall လုပ်ပစ်လိုက်ပေါ့ .. Adobe reader နဲ့ပဲ ပွင့်နေရင် အဲဒီ Adobe reader ကို uninstall လုပ်ပစ်လိုက်ပေါ့ .. လွယ်တယ်နော် .. နောက်မှာ အဲဒီ Software ပြန်သွင်းပေါ့ ... ပြန်သွင်းလိုက်တာ အဆင်ပြေသွာရင်တော့ ဟုတ်တာပေါ့ ... အရင်လိုပဲ Default ဖြစ်နေရင်တော့ တစ်ခုခုလုပ်မှဖြစ်တော့မယ်...ဖြေရှင်းတဲ့နည်းလေးပါ ... အချို့လဲသိပြီးသားဖြစ်ချင်ဖြစ်နေပါလိမ့်မယ် ...
ကျွန်တော့်ကျောင်းသားတွေကို သင်ကြားတဲ့ပုံစံက ချက်ပြီးသား ငါးကြော်ကျွေးနေတဲ့ပုံစံမဟုတ်ဘူး ... ငါးဘယ်လို့မျှားရသလဲဆိုတာကို သင်တာပါ ... ပေါင်းပြီးသားဆန်ဘယ်လိုစားရသလဲလို့မပြောဘူး ... စပါးဘယ်လိုစိုက်ရသလဲဆိုသင်တာပါ ... ကျွန်တော်ဆရာတွေသင်ကြားခဲ့တဲ့ပုံစံအတိုင်းပေါ့ ...
ကဲ ... စဉ်းစားကြည့်ရအောင် ... ကွန်ပြူတာရဲ့အသက်ဟာ Registry မှာလို့ကြားဘူးပါတယ် ... Shortcut အားလုံးကို Software တစ်ခုတည်းနဲ့ဖွင့်ဖို့ညွန်ကြားနိုင်တဲ့နေရာ ဘယ်မှာရှိနိုင်မလဲ ... သေချာပါတယ် registry ထဲမှာပဲရှိပါတယ် ... ဒီပြသနာ မဖြစ်ခင်တုန်းကသာ ကျွန်တော် window registry ကို Backup လုပ်ထားခဲ့ရင်... အခုလိုပြသနာ ဖြစ်တဲ့အချိန်ပြန် run လိုက်ရင်ရပြီ .. ဒါပေမယ် ဒီပြသနာ ဘယ်အချိန်ဖြစ်မယ်ဆိုတာမှမသိတာ ... ပြီးတော့ Software တွေရဲ့ register key တွေဟာ registry ထဲမှာရှိနေပါ တယ် ... အကယ်၍ Backup လုပ်အချိန်အတိုင်းပြန်သွားလို့ register key တွေပါပျောက်ကုန်ရင် ... Activate ပြန်လုပ်ရဦးမယ် ...
ဒီတော့ window 7 & Vista တွေ Default key registry ကို Google မှာ Download ဆွဲလိုက်ပါတယ် ...ပြီးရင် တစ်ခုချင်း run လိုက်ပါ...
Short Cut အားလုံး reader နဲပွင့်နေပါတယ်
ဒီနေရာ Download ဆွဲပါ
ကျေးဇူးတင်ပါသည်
Comment Form is loading comments...
No comments:
Post a Comment