ပထမကတော့ Registry ထဲမှာ ၀င်ပြင်တဲ့နည်းလေးပါ
(1) Window key နှင့် r နှိပ်ပါ Run Box ပေါ်လာပါက regedit ရိုက်ပြီး Enter ခေါက်ပါ။(2) HKEY_LOCAL_MACHINE
\SYSTEM
\CurrentControlSet
\Control
\Class
\{4D36E972-E325-11CE-BFC1-08002BE10318}
\0012
0012 မဟုတ်ပဲ အခြား 0001,... တို့မှာလဲရှိနေနိုင်ပါတယ်။ ဘယ်နေရာမှာပဲရောက်နေပါစေ {4D36E972-E325-11CE-BFC1-08002BE10318} ရဲ့အောက်မှာပဲရှိနေပါတယ်
(3) အထပ်မှာပြထားတဲ့အတိုင်း အဆင့်ဆင့်သွားပါ 0012 ရောက်ပါက ညာဘက်တွင် Network Address ဆိုတာကိုလိုက်ရှာပါ တွေ့ပါက Double Click နိုပ်၍ လိုရာ MAC သို့ပြောင်းနိုင်ပါပြီ။ (MAC က Hexadecimal နဲ့ရေးထားတာနော် ဒီလိုလေး 00-2D-15-5F-7E-02
ဒုတိယကို ဆက်ပြောပါမယ်
ဒီနည်းကတော့ Control Panel ထဲမှာဝင်ပြောင်းရမှာပါ။
- သတိထားရမှာက ကိုယ်သုံးနေတာက Desktop လား Laptop လားဆိုတာပဲ။
- Desktop တွေမှာ များသောအားဖြင့် Built in Network Card ပဲပါတာများပါတယ်။ ရှင်းရှင်းပြောရရင် Network ကြိုးနဲ့ပဲထိုးသုံးလို့ရတာပဲ ပါပါတယ် Wifi အတွက်မပါဘူးပေါ့။
- Laptop တွေမှာတော့ နှစ်မျိုးလုံးပါတာများပါတယ် Network Card (2) ကဒ်ပေါ့။ "Network Cable နဲ့ထိုးသုံးဖို့ တစ်ခု နဲ့ Wifi သုံးဖို့ တစ်ခု" အဓိကပြောချင်တာတော့ Cable နဲ့သုံးမယ် Network Card က MAC တစ်ခု Wifi သုံးမယ့် Network Card က MAC တစ်ခု ပေါင်းနှစ်ခုပေါ့။
Window Key + r ကိုနိပ်ပါ "ncpa.cpl" ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ နှစ်ကဒ်တွေပါလိမ့်မယ်
Local Area Network
ပြောင်းချင်တဲ့ Card ပေါ်မှာ Right Click ခေါက်ပါ properties --> Configures ---> Advanced ကိုရွေးချယ်ပါ -- > Property ဆိုတဲ Box ထဲမှာ Network Address ဆိုတာလေးကိုတွေ့ပါလိမ့်မယ်
Network Address ကို Click နိပ်ပြီးရွေးချယ်လိုက်ပါ။ ဘယ်ဘက်မှာ ပေါ်လာတဲ့ not Present ကိုမရွေးပဲ
Value မှာ ကိုယ်ထည့်ချင်တဲ့ MAC ကို ရိုက်ထည့်ပြီး ပြောင်းနိုင်ပါပြီ ။
No comments:
Post a Comment