DVD Drive ဟာ My Computer ထဲမှာပျောက်နေပါတယ် ပြီးတော့ Device Manager ထဲမှာဝင် ကြည့်ရင်လဲ DVD Driver မှာ အ၀ါရောင် Caution Sign လေးပြနေပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ
(၁) သင့် DVD Drive အလုပ်မလုပ်တော့တာလဲဖြစ်နိုင်ပါတယ်
(၂) သင်ရဲ DVD Drive ဟာ Over Write ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်။
(၃) Device Manager ထဲမှာ DVD ဟာ "The Device Could not start"လို့ပြနေလိမ့်မယ် နောက်ထပ် "One of the filter drivers for this device is invalid"လို့လဲပြနေပါလိမ့်မယ်။ Error code ဖြစ်တဲ့ Code 31, Code 32, Code 19 or Code 39 တွေပြနေပါလိမ့်မယ် ဒီ Code နံပါတ်တွေပြနေရင်တော့ registry ဟာ နှောက်ယှက်ခံနေရပါပြပြီ တစ်ခါတရံ "your registry might be corrupted"လို့ ပြတတ်ပါတယ်။
How to Fix
Window key နဲ့ r ကိုနိုပ်ပါပြီးရင် regedit ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက် ပါ။ အောက်မှာ ဖော်ပြပေးထားတဲ့ အတိုင်းအဆင့်ဆင့်သွားပါ ...
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
ကိုရောက်ရင် ညာဖက် pane မှာ lower Filter နဲ့ upper Filter ကိုတွေ့ရင်ဖျက်လိုက်ပါ ပြီးရင် restart ချလိုက်ပါ။ Window ပြန်တတ်လာရင် ပြန်ပေါ်နေတာတွေ့ရပါလိမ့်မယ်။
No comments:
Post a Comment